Welcome to My New Blogging Blog
လာမယ့်ဇွန်လ30မှာ အသင်းနဲ့သက်တမ်းကုန်မယ့် ပရီးမီးယားလိဂ်ကစားသမားများ
ပရီးမီးယားလိဂ်ပွဲစဉ်တွေကို လတ်တလောဖြစ်ပွားနေတဲ့”ကိုရိုနာဗိုင်းရပ်စ်”ကြောင့် ဧပြီလ(30)အထိရပ်နားထားတာဖြစ်ပါတယ်။အဲ့ဒီနောက်ပိုင်း လက်ကျန်ပွဲစဉ်တွေကိုဆက်ကစားမှာဖြစ်ပြီး ဇွန်လ(30)မတိုင်ခင် အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပါတယ်။ဇွန်လ(30)ရက်နေ့မှာ အသင်းနဲ့သက်တမ်းကုန်မယ့် ပရီးမီးယားလိဂ်ကစားသမားတွေကို ဖော်ပြလိုက်ပါတယ်။ Foster(Watford)Clyne(Liverpool)Vertonghen(Tottenham)Tanganga(Tottenham)Cedric(Arsenal)Loan*Fraser(Bournemouth)Willian(Chelsea)David Silva(Man City)Lallana(Liverpool)Pedro(Chelsea)Giroud(Chelsea)Ighalo(Man Utd)Loan*Sidibe(Everton)Loan*Pepe Reina(Aston Villa)Loan* အငှားခေါ်ယူထားတဲ့ကစားသမားတွေကို အပြီးသတ်ဝယ်ယူခွင့်ရှိသော်လည်း ပါဝင်ကစားခွင့်ရမယ့်နေ့ကို အတိအကျမထုတ်ပြန်သေးပါဘူး။ TBS
လာမယ့်အင်္ဂါနေ့မှာ လေ့ကျင့်ရေးပြန်ဆင်းတော့မယ့် အာဆင်နယ်
လွန်ခဲ့တဲ့ရက်သတ္တပတ်က အားကစားလောကမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲမှ အာဆင်နယ်နည်းပြ အာတီတာလည်း ပါဝင်ခဲ့ပါတယ် ။ နောက်ပြီး အိုလံပီယာကိုစ်ပိုင်ရှင်မှာလည်းရောဂါဖြစ်ပွားခဲ့တာတွေကြောင့် အာဆင်နယ် အသင်းသားတွေက ၁၄ ရက်စောင့်ကြည့်ခံထားရတာပါ။ ဒါပေမဲ့ လာမယ့် အင်္ဂါနေ့မှာတော့ အသင်းသားအားလုံးလေ့ကျင့်ရေးပြန်ဆင်းတော့မှာဖြစ်ပြီးဧပြီလ (၄)ရက်နေ့မှာ ကစားမယ့် နော်ဝှစ်ချ်နဲ့ ပွဲအတွက်ကြိုးပမ်းကြတော့မှာပါ ။ ( ပွဲတွေပြန်လာတော့မယ်ဆိုပေမဲ့ ကြားရက်တွေက ပရိသတ်တွေအတွက် ပျင်းစရာအရမ်းကောင်းနေပါပြီ….. 😒😒😒 ) TBS
Follow My Blog
Get new content delivered directly to your inbox.